Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, March 29, 2008

ချစ်ခြင်း မချစ်ခြင်းကို
ပိုင်ဆိုင်ခြင်း မပိုင်ဆိုင်ခြင်းနဲ့
တိုင်းတာလို့ မရနိုင်ပါဘူး
ရင်ထဲမှာ မြတ်နိုးစွာ
ထာဝရ ရှိနေခြင်းကသာ
အဓိကပါ.....
ငါ့နှလုံးသားထဲဝင်ရောက်လာပြီး
ပြန်ထွက်သွားဖို့  စိတ်ကူးရှိခဲ့ရင်
လုံးဝ ၀င်မလာဖို့ တောင်းပန်ပါတယ်
ထွက်သွား ပြီးရင်လည်း
ပြန်ဝင်ဖို့  မကြိုးစားပါနဲ့ ...

Friday, January 25, 2008

လွမ်းဆွတ်ခြင်း

Photobucket
ချစ်တယ်ဆိုတာထက်ပိုတဲ့တမ်းတမှုမျိုးကို
အလွမ်းလို့ခေါ်ရင် တို့...မင်းကို လွမ်းတယ်
ထာဝရအတွက်ပေါ့...

Thursday, January 10, 2008

ဒဏ်ရာ(၂)

ကံကြမ္မာရယ်....
ဒဏ်ရာတွေနဲ့
ဖန်တစ်ရာတေနေတဲ့...
ငါ့နှလုံးသားကို...
နောက်ထပ် ဝေဒနာတွေ
ထပ်မပေးပါနဲ့...
ငါ......................
မခံစားနိုင်တော့လို့ပါ။

Thursday, December 20, 2007

ပန်းသခင်

Photobucket
မင်းနဲ့ တွေ့မှဘဲ
မပျိုးဘဲထားခဲ့တဲ့
တို့ နှလုံးသားက
ပန်းခင်းလေးလဲ
နိုးထလာတယ်။
ဒါပေမယ့်.......
ပန်းဆိုတာ ပန်းသခင်ကို
ရွေးချယ်ခွင့် မရှိဘူးလေ။
အခွင့်ရှိမယ် ဆိုရင်တော့
တို့ ပန်းခင်းလေးရဲ့
အရှင်သခင်ဟာ
မင်း....ဘဲ ဖြစ်ပါစေလို့
တို့ ဆုတောင်းမယ်။

Tuesday, December 18, 2007

Hate

အချစ်=အမုန်း တဲ့
အဲဒါသာ တကယ်မှန်ရင်
သူ့ကို စ မုန်းနေပြီ။

ဒဏ်ရာ

ငါ့ နှလုံးကို ကစား
အချစ်တွေကို မြှား
အသဲလေးက ဖျားတော့မှ
သြော်...မင်းကအနားမှာ..
မရှိတော့ဘူး တဲ့လား....

Monday, December 17, 2007

ရင်နင့်ပန်း

ရင်နင့်ပန်းမို့
အကျွမ်းတစ်ဝင်
လှမ်းချင်ပေမယ့်
ပန်းသခင်ဟာ
ငါမဟုတ်..............

Friday, September 21, 2007

The Sun & The Moon

*Like Father like Sun & Like Mother Like Moon
*The Sun,Centre of the universe is the father of our world.
*The Moon,Which gives us light,at night is the Mother of our mankind.
*The Sun,gives us bright light & engry as our father gives us everything.
*The Moon,gives us milky light & refreshment as our Mother gives us milk & nurture.
*The World is grateful,to the Sun & Moon for the light as the son & daughter owe a
great debt of gratitude to their parents who provide them love forever.
*If there's no sun the world will be as a fatherless son.
*If there's no Moon the world will be as a daughter without mother.

Friday, September 7, 2007

Tuesday, September 4, 2007

Love Program

မင်းနဲ့ (ချစ်ခဲ့ကြတယ်)
အခု (ဝေးနေရတယ်)
လွမ်းတဲ့အခါ( )
{
လွမ်းတဲ့အခါကဗျာလေးတွေ ရေးတယ်
“ချစ်သူရယ်....မြတ်မြတ်နိုးနိုး
စွဲစွဲလန်းလန်း တမ်းတမ်းတတ
ချစ်မိကာမှ
ဝေးနေကြရတာလေးတစ်ခုရယ်ပါ……
လွမ်းလိုက်တာ ချစ်သူရယ်…..”
}

Wednesday, August 29, 2007

ဝန်ခံချက်

ပြာလဲ့လဲ့ ကောင်းကင်ကြီးရယ်
ဝက်ဝံရုပ်လေးတွေရယ်
တေလေငှက်လေးတွေရယ်
သံစဉ်လေးတွေရယ်
ပန်းပွင့်ဖြူဖြူလေးတွေရယ်
အားလုံးအားလုံးကို ငါချစ်တယ်
ဒါပေမယ့် ......
မင်းကိုချစ်တဲ့အချစ်က
အားလုံးထက် ပိုပါတယ်.....

Monday, August 27, 2007

အလွမ်း

tamtam, rose miss you,  Image Hosting

ငါကိုယ်တိုင်မသိတဲ့
အလွမ်းတွေနဲ့
မင်းကိုဆက်လွမ်းနေမယ်........
အနီးဆုံးမှာ နေခွင့်မရပေမယ့်
ခပ်လှမ်းလှမ်းက ငေးနေချင်တယ်....

Monday, August 13, 2007

မင်းအတွက်

ဒီကမ္ဘာမြေပြင်ရဲ့တစ်နေရာမှာ
နင်ရှိနေသေးတယ်ဆိုတဲ့အသိနဲ့ပဲ
မနက်ဖြန်တွေကို
ငါလိုချင်ခဲ့တာပါ

Friday, August 10, 2007

မျှခြေ

ကောင်းကင်ကလမင်း
မင်းရဲ့အလင်းရောင်တွေပဲ
အမြဲအနားမှာရှိပါစေ
(လောကဟာ) နေချင်စရာကောင်းပါလိမ့်မယ်
ကောင်းကင်ကလမင်း
မင်းအနားမှာ နေပါရစေဆိုရင်
သရော်သလိုမရိလိုက်ပါနဲ့
အနီးကကြယ်တွေလောက်မလင်းပါဘူး
တူညီမှချစ်မယ်ဆို
လူဖြစ်နေရတာ ဘာအတွက်လဲ

Thursday, August 9, 2007

မရီနဲံ့နော်

အိပ်ပျော်နေတဲ့ငါ့နှလုံးသားကို
တမင်သက်သက်ခလုတ်တိုက်ပြီးမှ
Sorry လို့ပြောပြီးထွက်သွားမလို့လား

တစ်ချိန်ချိန်မှာ

တချိန်ချိန်မှာ ----တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင်အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။တချိန်ချိန်မှာ ----တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင်အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။တချိန်ချိန်မှာ ----တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်အဲဒီသူဟာလည်း မင်းပဲဖြစ်ချင်တယ်။တချိန်ချိန်မှာ ----တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့နှစ်ခါပြန် သေချင်သေပါစေအဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး။ဒါပေမယ့် ----သူငယ်ချင်းတယောက်ကပြောတယ်“အချစ်စစ်ဆိုတာပိုင်ဆိုင်ရခြင်းနဲ့လည်း မဆိုင်ဘူးသူရှိနေတယ် ဆိုတဲ့ အသိလေးနဲ့ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါပဲ” တဲ့ ။ဒါကြောင့် ----စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်းငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင်သိမ်မွေ့ ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ် ။