Saturday, March 29, 2008

ချစ်ခြင်း မချစ်ခြင်းကို
ပိုင်ဆိုင်ခြင်း မပိုင်ဆိုင်ခြင်းနဲ့
တိုင်းတာလို့ မရနိုင်ပါဘူး
ရင်ထဲမှာ မြတ်နိုးစွာ
ထာဝရ ရှိနေခြင်းကသာ
အဓိကပါ.....
ငါ့နှလုံးသားထဲဝင်ရောက်လာပြီး
ပြန်ထွက်သွားဖို့  စိတ်ကူးရှိခဲ့ရင်
လုံးဝ ၀င်မလာဖို့ တောင်းပန်ပါတယ်
ထွက်သွား ပြီးရင်လည်း
ပြန်ဝင်ဖို့  မကြိုးစားပါနဲ့ ...

Wednesday, March 19, 2008

ကြယ်ကလေး



ကြယ်ကလေးရေ....
ငါတစ်ယောက်ထဲ အထီးကျန်ညတွေထဲမှာ....
အဝေးက မင်းရဲ့အလင်းရောင်လေးကို မြင်နေခွင့်ရှိသေးတဲ့အတွက်
ငါ...ဖြေသိမ့်နိုင်ပါတယ်လေ.................