Wednesday, August 29, 2007

ဝန်ခံချက်

ပြာလဲ့လဲ့ ကောင်းကင်ကြီးရယ်
ဝက်ဝံရုပ်လေးတွေရယ်
တေလေငှက်လေးတွေရယ်
သံစဉ်လေးတွေရယ်
ပန်းပွင့်ဖြူဖြူလေးတွေရယ်
အားလုံးအားလုံးကို ငါချစ်တယ်
ဒါပေမယ့် ......
မင်းကိုချစ်တဲ့အချစ်က
အားလုံးထက် ပိုပါတယ်.....

Monday, August 27, 2007

အလွမ်း

tamtam, rose miss you,  Image Hosting

ငါကိုယ်တိုင်မသိတဲ့
အလွမ်းတွေနဲ့
မင်းကိုဆက်လွမ်းနေမယ်........
အနီးဆုံးမှာ နေခွင့်မရပေမယ့်
ခပ်လှမ်းလှမ်းက ငေးနေချင်တယ်....

Monday, August 13, 2007

မင်းအတွက်

ဒီကမ္ဘာမြေပြင်ရဲ့တစ်နေရာမှာ
နင်ရှိနေသေးတယ်ဆိုတဲ့အသိနဲ့ပဲ
မနက်ဖြန်တွေကို
ငါလိုချင်ခဲ့တာပါ

Friday, August 10, 2007

မျှခြေ

ကောင်းကင်ကလမင်း
မင်းရဲ့အလင်းရောင်တွေပဲ
အမြဲအနားမှာရှိပါစေ
(လောကဟာ) နေချင်စရာကောင်းပါလိမ့်မယ်
ကောင်းကင်ကလမင်း
မင်းအနားမှာ နေပါရစေဆိုရင်
သရော်သလိုမရိလိုက်ပါနဲ့
အနီးကကြယ်တွေလောက်မလင်းပါဘူး
တူညီမှချစ်မယ်ဆို
လူဖြစ်နေရတာ ဘာအတွက်လဲ

Thursday, August 9, 2007

မရီနဲံ့နော်

အိပ်ပျော်နေတဲ့ငါ့နှလုံးသားကို
တမင်သက်သက်ခလုတ်တိုက်ပြီးမှ
Sorry လို့ပြောပြီးထွက်သွားမလို့လား

တစ်ချိန်ချိန်မှာ

တချိန်ချိန်မှာ ----တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင်အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။တချိန်ချိန်မှာ ----တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင်အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။တချိန်ချိန်မှာ ----တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်အဲဒီသူဟာလည်း မင်းပဲဖြစ်ချင်တယ်။တချိန်ချိန်မှာ ----တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့နှစ်ခါပြန် သေချင်သေပါစေအဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး။ဒါပေမယ့် ----သူငယ်ချင်းတယောက်ကပြောတယ်“အချစ်စစ်ဆိုတာပိုင်ဆိုင်ရခြင်းနဲ့လည်း မဆိုင်ဘူးသူရှိနေတယ် ဆိုတဲ့ အသိလေးနဲ့ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါပဲ” တဲ့ ။ဒါကြောင့် ----စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်းငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင်သိမ်မွေ့ ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ် ။