Thursday, August 9, 2007

တစ်ချိန်ချိန်မှာ

တချိန်ချိန်မှာ ----တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင်အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။တချိန်ချိန်မှာ ----တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင်အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။တချိန်ချိန်မှာ ----တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်အဲဒီသူဟာလည်း မင်းပဲဖြစ်ချင်တယ်။တချိန်ချိန်မှာ ----တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့နှစ်ခါပြန် သေချင်သေပါစေအဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး။ဒါပေမယ့် ----သူငယ်ချင်းတယောက်ကပြောတယ်“အချစ်စစ်ဆိုတာပိုင်ဆိုင်ရခြင်းနဲ့လည်း မဆိုင်ဘူးသူရှိနေတယ် ဆိုတဲ့ အသိလေးနဲ့ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါပဲ” တဲ့ ။ဒါကြောင့် ----စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်းငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင်သိမ်မွေ့ ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ် ။

No comments: