Saturday, September 1, 2007

ဆောင်းရာသီ


သူငယ်ချင်းတစ်ယောက်က ရေးခိုင်းလို့ ဆောင်းရာသီအကြောင်းလေး ရေးဖြစ်သွားတာပါ။
ဆောင်းရာသီရဲ့ ညတစ်ညမှာ လူ့လောကထဲကို ရောက်ရှိလာတာပါ။ အေးချမ်းတဲ့ ဆောင်းရာသီမှာ မွေးဖွားလာတာကို အရမ်းကိုသဘောကျခဲ့ပါတယ်။ အအေးဒဏ်ကို မခံနိုင်ပေမယ့် ဆောင်းရာသီကို နှစ်သက်ခဲ့ပါတယ်။ နှင်းတွေဖွေးဖွေးကျနေတဲ့ ဆောင်းရာသီကို အရမ်းသဘောကျပါတယ်။ မန္တလေးရဲ့ ဆောင်းရာသီက အရမ်းကိုအေးပါတယ်။ ဆောင်း ရာသီရောက်ရင် အရမ်းကိုပျော်ပါတယ်။ ယုယုရဲ့မွေးနေ့က ဆောင်းရာသီမှာ ရှိလို့လေ။
ယုယုအတွက်တော့ ဆောင်းရာသီဟာ ရာသီတွေအားလုံးထဲမှာ ချစ်စရာအကောင်းဆုံးနဲ့ အပျော်ဆုံးပါဘဲ။
သူငယ်ချင်း သန့်ဇော်မင်းရေ ရေးလိုက်ပြီနော်…….ခုလို အမှတ်တရလေး tag ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်……..ရေးနိုင်သလောက်တော့ ရေးပေးလိုက်တယ်နော်…..

No comments: